
Cele News




Unicode

သရုပ်ဆောင် မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာပါပြီ

နိုင်ငံတော်သမ္မတကြီးရဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ကို ဒီနေ့ မေလ (၇) ရက် ၂၀၁၉ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ပါသည်။ ဒီနေ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ် (၁၅) ကျခံနေရသော သရုပ်ဆောင် မိုးအောင်ရင် လည်း ပါဝင်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရပါသည်။

ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၅၂၀ ဦးအား ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့်ကို ယနေ့ခွင့်ပြုလိုက်ခြင်းဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *