Cele Ywa

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဆောင်ရွက် ချက်တွေကို အားပေးဝန်းရံထောက်ခံသွားမယ်လို့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှာ ကျင်းပတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း နယ်ကွန်ယက် တွေ့ဆုံပွဲက ထုတ်ပြန်လိုက်ပါတယ်။ […]

ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ အလုပ်ကနေထုတ်ပယ်လိုက်တဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ အလုပ်သမား ၁၀၀ ကျော်လောက်က ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ သီလဝါစက်မှုဇုံ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ PROSPERITY KNITWEAR LTD.MYANMAR သိုးမွှေးစက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးကို စက်ရုံရဲ့ […]

မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေးဆွေးနွေးပွဲကို ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ဘာသာရေးခေါင်းဆောင်တွေ၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ၊ မြစ်ဆုံကြောင့် ရွေ့ပြောင်းခံထားရတဲ့ ဒေသခံတွေ တတ်ရောက် ကြပါတယ်။ သဘာဝပတ်ဝန်းကျင်ပညာရှင်က လက်ရှိရာသီဥတုဖောက်ပြန်မှုတွေ၊ မြစ်ဆုံစီမံကိန်း ဆောက်လုပ်မယ်ဆိုရင် […]

ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ တစ်ပြည်လုံးမှာ ၃၀ ယောက်ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဇူလိုင်လ ၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇန်န၀ါရီလ တစ်ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့ […]

ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တိုးတက်မလာသေးဘဲ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာသွားလာခွင့်တွေ ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကို ဒီနေ့ တင်ပြလိုက်တယ်လို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။ […]

မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးများတာကြောင့် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်အပါအ၀င် မြစ်ခြောက်စင်းမှာ ရေကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် ရခိုင်ပြည်နယ်တွေမှာ စတဲ့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ နောက် နှစ်ရက်အထိ […]

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ အပစ်ရပ်စာချုပ်မှာ သဘောတူထားတဲ့အချက်တွေအရ ချင်းပြည်နယ်ထဲမှာ AA အဖွဲ့ တပ်စွဲနေတာကြာပြီဖြစ်လို့ ရေရှည်မှာမဖြစ်နိုင်တဲ့အတွက် ချင်းပြည်နယ်ထဲကနေ ထွက်ခွာပေးဖို့ ချင်း တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်မှာ အစိုးရရဲ့တရားဝင်တပ်ဖွဲ့တွေနဲ့ ချင်းပြည်နယ်နဲ့ဆိုင်တဲ့ တပ်ဖွဲ့ဝင်တွေသာ […]

ပြည်ထောင်စုလွှတ်တော်မှာ မကြာခင်ရက်ပိုင်းအတွင်း တင်သွင်းမယ့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသဘောထား မပါဘူးလို့ ပါတီရဲ့ လွှတ်တော်အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေးက ပြောပါတယ်။ မနေ့ကအပြီးသတ်လိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီအစီရင်ခံစာကို လွှတ်တော်လုပ်ထုံးလုပ်နည်းတွေကြောင့် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အစီရင်ခံစာမှာပါတဲ့ ပြင်ဆင်မယ့်အချက်အလက်တွေမှာ ပြည်ခိုင်ဖြိုးပါတီက […]

အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ နီပေါနိုင်ငံတွေမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကို ပြည်သူ ကိုးသိန်းနီးပါး ရင်ဆိုင်ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁၈ ဦး ရှိကာ လူခြောက်ဦး ပျောက်ဆုံးလျက် ရှိနေပါတယ်။ နီပေါမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် […]

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)အတွင်း နေထိုင်သည့် ပြည်သူ့လွှတ်တော်အမတ်တစ်ဦး၏ အခန်းကို ဖောက်ထွင်းပြီး ရွှေထည်ပစ္စည်းများကို ခိုးယူမှုဖြင့် အခြား လွှတ်တော်အမတ်တစ်ဦး၏ ချွေးမတော်စပ်သူကို ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းများနှင့်အတူ ဇူလိုင် ၁၃ရက်၊ မွန်းလွဲပိုင်းက ဖမ်းဆီးလိုက်သည်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၁ရက်၊ ည […]